Local News

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းလေကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဆိပ်ကမ်း ပြန်လည်ဖွင့်လှစ်

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ပြန်လည်ဖြစ်ပွားခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှစ၍ ယာယီရပ်ဆိုင်းထားခဲ့သည့် ယူနန်ပြည်နယ်၊ စစ်ဆောင်ပန ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ မုန်လခရိုင်အနောက်တောင်ပိုင်း လန်ချန်းမြစ်ကမ်းရှိ ကွမ်းလေ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဆိပ်ကမ်းကို စက်တင်ဘာ ၁၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီ ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ စစ်ဆောင်ပနပြည်နယ်ခွဲ၊  ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ သိရသည်။  

          အဆိုပါ ကွမ်းလေ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဆိပ်ကမ်းသည် အင်ဒိုချိုင်းနားကျွန်း ဆွယ်၏ အချက်အချာနေရာနှင့် အရှေ့တောင်အာရှနိုင်ငံများ မဲခေါင်မြစ်မှတဆင့် တရုတ်နိုင်ငံသို့ ဝင် ရောက်သော အဓိကဆိပ်ကမ်းတစ်ခုဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  ယာယီရပ်ဆိုင်း ခဲ့ရသည့်အတွက် လန်ချန်း-မဲခေါင်မြစ်ဝှမ်းတစ်လျှောက်နိုင်ငံများ၏  ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို များစွာထိခိုက်ခဲ့ရပြီး ယခုအခါ လန်ချန်း-မဲခေါင် မြစ်ကြောင်းလမ်း၏ အားသာချက်ကို ထိထိရောက်ရောက်ပြန်လည်အသုံးပြုရန်နှင့် မြစ်ဝှမ်းတစ်လျှောက်ရှိ နိုင်ငံများ၏ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန်ရည်ရွယ်၍ တရုတ်နိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်ရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

Category: Local News